Our Dawei
Ourdawei မှမိတ်ဆွေအားနွေးစွာကြိုဆိုပါ၏



Join the forum, it's quick and easy

Our Dawei
Ourdawei မှမိတ်ဆွေအားနွေးစွာကြိုဆိုပါ၏

Our Dawei
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျွန်တော်တို့ Ourdawei သည်ပြုပြင်စမ်းစပ်ဆဲဖြစ်ပါသဖြင့် လိုအပ်သည်များကို ထောက်ပြပေးကြပါရန်


အရမ်းမရီနဲ့နော်.

Go down

အရမ်းမရီနဲ့နော်. Empty အရမ်းမရီနဲ့နော်.

Post by လက်ဝဲကျွန်းသား Sat Jul 24, 2010 11:18 pm

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
> ချင်းမလေးဆီက စာကိုရတော့
> ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
> စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
> စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
> ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
> သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
> ပြန်ထည့်ပေးလိုက်တော့တယ် ။
>
> ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)
>
> ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
> ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
> ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
> ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
> (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
> မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
> မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
> နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
> (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
>
> ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
> (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
> မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
> ။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
> ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
> ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
> (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
> လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
> ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
> သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
> အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
> (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
>
> နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
> အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
> (ဘကြီးအောင်..ဘကြီးအောင်..တစ်မျ
>ိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်
တယ်)
> ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
> ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
> နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
> (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
> စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
> အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
> လို့ပေးမတဲ့ ။
> (ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
> ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
> အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
> ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။
>
>ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
> လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
> ..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
> အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
> တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
> ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
> (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
> မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
> (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
> မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
>
> ခြစ်တဲ့မီး (မီးခြစ်ပေါ့)
>
> *စပလင်မှားရင်ခွင်လွှတ်ပါ*
> (စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
> ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :

source :http://www.thettantcho.com/
လက်ဝဲကျွန်းသား
လက်ဝဲကျွန်းသား
Admin

Posts : 72
ကျေးဇူးတင်ခံရမူ : 3
Join date : 2010-05-07

https://ourdawei.forumotion.com/

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum